Sunday, August 4, 2019

Love actually ကမ္ဘာတည်မယ့်ချစ်ခြင်းတရား

Love actually ကမ္ဘာတည်မယ့်ချစ်ခြင်းတရား

လာပါပြီ​နော်​..​နောက်ဇာတ်​လမ်းတွဲတစ်​ခု!!!

အက်​မင်​တို့​ပေ့ခ်ျ​က​နေ​ ​နောက်​ထပ်​တင်​ဆက်​​ပေးမယ့်​ဇာတ်​လမ်းတွဲ​လေးက​တော့..Love actually(in life and love) ဖြစ်​ပါတယ်​။ drama/ comedy အမျိုးအစားဇာတ်​ကား​လေးပါ။

၂၀၁၇ ကထွက်​ရှိထားတဲ့ဇာတ်​လမ်းတွဲ​လေးဖြစ်​​ပါတယ်​။ အချစ်​​ရေး..အိမ်​​ထောင်​​ရေး..စီးပွား​ရေး.. မိသားစု​ရေး..စတာ​တွေကိုပျင်းစရာမ​ကောင်းပဲ ဟာသအ​နှော​လေးနဲ့မြိုင်​မြိုင်​ဆိုင်​ဆိုင်​ကြည့်​ရမယ့်​ကား​လေးကို KN က​နေ "ကမ္ဘာတည်​မယ့်​ ချစ်​ခြင်းတရား " အဖြစ်​နဲ့ပရိတ်​သတ်​လက်​ထဲကိုအ​ရောက်​ပို့​ပေး​တော့မှာပဲဖြစ်​ပါတယ်​။(ကွန်​မန့်​ 20k ပြည့်​ရင်​​ပေါ့😝)

ယူတို့ကိုပိုပြီး မြိုင်​ဆိုင်​​စေမယ့်​သူ​လေးလည်း ဒီဇာတ်​လမ်းတွဲမှာပါဝင်​​နေပါ​သေးတယ်​​နော်​ 😜 ဟုတ်​ကဲ့! ဝမ်​ရိ​ပေါ်(လန်​ကျန့်​) ပါပဲ။ ဒီကားမှာအဓိကမင်းသား/မင်းသမီး​တွေက.. Tong Da Wei , Joe Chen နဲ့ ယူတို့ရဲ့အချစ်​​တော်​ Wang Yi Bo တို့ပဲဖြစ်​ပါတယ်​။
ဇာတ်​လမ်းအကျဉ်းကဒီလို.. ..

~တင်းရန်​ကျန်း (Tong Da Wei)ကအိုင်​တီပညာရှင်​တစ်​​ယောက်​ပါ။ သူ့မှာ အလုပ်​ကအနားယူပြီးဖြစ်​တဲ့ အ​ဖေ ရယ်​ လှပတဲ့ဇနီး နဲ့ သား​လေးတစ်​​ယောက်​လည်းရှိပါတယ်​။
~ကျိုက်​ကျီး​ဝေ (Wang Yi Bo)ကထက်​မြက်​ပြီးငယ်​ရွယ်​တဲ့စီအီးအိုတစ်​​ယောက်​..သူ့မှာချမ်းသာတဲ့အ​ဖေရှိသလို..သူကိုယ်​တိုင်​လည်း အရည်​အချင်းရှိပြီး ငယ်​ရွယ်​​ချော​မောတဲ့လူငယ်အိုင်​တီပညာရှင်​တစ်​​ယောက်​ဖြစ်​တယ်​။ ဤကဲ့သို့ အထက်​ပါအရည်​အချင်းများ​ကြောင့်​သူဟာ ဘဝင်​မြင့်​တဲ့လူငယ်​​လေး​ပေါ့..
~အန်းချင်းဟွမ်​ (Joe Chen) ကအလုပ်​ကိုအရမ်းရူးသွပ်​တဲ့ အမျိုးသမီးတစ်​​ယောက်​ဖြစ်​ပြီး အရမ်းအရည်​အချင်း​ရှိပါတယ်​။ ​ချော​မောလှပပြီးမဟုတ်​မခံတဲ့မမ​ပေါ့..
~သူတို့သုံး​ယောက်​လုံးဟာ မတူညီတဲ့ဖြစ်​ရပ်​ကိုယ်​စီနဲ့ က​တောက်​ကဆ​လေး​တွေကြားထဲက တစ်​​ယောက်​နဲ့တစ်​​ယောက်​ စဆုံ​တွေ့ကြတာပါ။
~သူတို့​တွေဟာ အစပထမက​တော့ မတူညီတဲ့အလုပ်​ကိုယ်​စီကဖြစ်​​ပေမယ့်​လည်း ​နောက်​အ​ကြောင်း​ကြောင်း​ကြောင့်​ အလုပ်​အတူတူတွဲလုပ်​လာကြရတဲ့အခါ...
~ မတူညီတဲ့အသိုင်းအဝိုင်း..မိသားစုအ​ခြေအ​နေ..ကွဲပြားတဲ့ခံယူချက်​​တွေနဲ့သူတို့..
~သူတို့​တွေ ဘယ်​လိုလက်​တွဲလုပ်​​ဆောင်​ကြမှာလဲ?
~က​တောက်​ကဆ​တွေကြားထဲက ဘယ်​လိုအချစ်​မျိုး​တွေရှင်​သန်​​ပေါက်​ဖွားလာမလဲ?
~အရာရာအားလုံး​ကျော်​လွှားနိုင်​ကြမှာလား?..ဆိုတာက​တော့..
ဒီဇာတ်​လမ်းတွဲထဲမှာပဲဆက်​လက်​ရှူစားကြပါလို့...

*ယူတို့ရဲ့ မျက်​နှာ​သေလန်​ကျန့်​ ကို ဒီဇာတ်​လမ်းတွဲထဲမှာ​တော့ လုံးဝကွဲပြားတဲ့ ချစ်​စရာ​ဇာတ်​ရုပ်​​လေးနဲ့​တွေ့မြင်​ရမှာမို့..
*လန်​ကျန့်​ ကိုတစ်​ချိန်​လုံးပြုံးရယ်​ဖို့​တောင့်​တ​နေတဲ့ နှုတ်ခမ်းနီမ​လးေ​​တွမပျက်​မကွက်​ဝန်းရံသင့်​တဲ့ဇာတ်​လမ်းတွဲ​လေးဖြစ်​​ကြောင်း အက်​မင်​က​အားလုံးကို လက်​တို့လိုက်​ရပါတယ်​​နော်​...(သူ့အပြုံးမှာ​ကြွေကုန်​ရင်​​တော့ ကိုယ့်​တာဝန်​မပါဘူး​နော်​လို့..)

#လန်​ကျန့်​က​တော်​.. မှ​စေတနာဗရပွဖြင့်​​ရေးသားသည်​။



Download Link

Episode 01

Episode 02


Episode 03

2 comments:

  1. download link လေးတွေ ဆက်တင်ပေူပါဦး

    ReplyDelete
  2. download link လေးတွေ ဆက်တင်ပေူပါဦး

    ReplyDelete